Wednesday, April 29, 2009
ဝက်များ အပေါင်း မာစေကြောင်း
ဝက်တွေကလဲ ကျန်းမာရေးတော့ ဂရုမစိုက်ကြဘူး။
စင်ကာပူမှာ ကြက်သားလဲ ညှီလို့ မစားနိုင်ဘူး။
ငါးလဲ မကြိုက်ဘူး။
အမဲသား၊ ဆိတ်သားလဲ မချက်တတ်ဘူး။
ဒီကျွန်းမှာ သူတို့မှ မစားရရင် ကိုယ်တော့ ငတ်ပြီ။
မြန်မြန် နေကောင်းအောင် ကြိုးစားကြဟေ့။
ဝက်သားပြည်သူ အပေါင်း အမြန်ဆုံး ကျန်းမာကြစေသောဝ်။
***
Gtalk မှ comment သုံးခု
10:56 PM Addy: ဟင် ဇာတ်တူသားတွေ စားနေတာလား မကောင်းဘူးလေ လုပ်နဲ့ ကျွန်းပေါ်ရောက်သွားရင် ဘာဖြစ်ဖြစ်စားကုန်ကြတယ် ဆိုတာ တကယ်ပဲကိုး.အီး.............
me: နှိုင်းစရာလားကွယ် ဟင်
ဒီအဆင်နဲ့ ဒီ အဆင်
Addy: swine nay P eeeeeeeeeeeeeeeeeeeeeee
***
12:17 PM Anonymous: lu thar sar har
***
4:41 PM puluque: ဟုတ်တယ်ခင်ဗျား ဝက်ကလေးတွေ ကျန်းမာပါစေ...ကျတော်လဲ ကြက်သားမကြိုက်ဘူး
ဝက်တုပ်ကွေး အကြောင်း ဖတ်ရန်
http://www.planet.com.mm/news/read.cfm/id/12347
13 comments:
  1. အားပါးပါး.... သူဆုတောင်းပုံက တညိုးပဲ။ အရေးထဲ ကိုယ့်ကို စောင်းပြောသလိုလို စိတ်ထဲမှာ ခံစားလိုက်ရသေးတယ်။း-)
    ReplyDelete
  2. သက်သက်လွတ်စားတတ်အောင်ကျင့်ပါလား
    ကျနော်လဲအရင်ကမစားတတ်ဘူး
    အခုတော့အသားမစားချင်တာနဲ့လှည့်ပတ်စားနေတာ
    အဲ
    ဒီလိုပြောလို့သက်သက်လွတ်သမားမဟုတ်ဘူး
    စားတယ်
    ဒါပေမယ့်
    အမြဲမစားဖြစ်ဘူး
    အမဲနဲ့ဆိတ် သိုးကတော့လုံးဝမစားဘူး
    ကြက်ဆိုအရိုးပါတဲ့အပိုင်းစားတယ်
    တောင်ပံပေါ့
    ပုစွန်စားပါလား
    အဟီး
    ကျနော်ကပုစွန်ကြိုက်တယ်ဆိုတော့
    ReplyDelete
  3. ညီမရေ
    ReplyDelete
  4. ဟုတ်တယ် မမရီတာ စားလို့ ရတယ် အိတ်ဝမ်း အန်ဝမ်း က ၀က်တွေကိုကူးလွယ်တာ ဒါပေမယ့် အိတ်ခ်ျဖိုက်အန်ဝမ်း လိုပဲ ကိုင်တဲံသူတွေ ကို ပိုကူးလွယ်တာ
    စားသာစား
    တီ ကတော့ ၀က်ဆို ဘာမှမချန်ဘူး
    ဖြစ်နိုင်ရင် အော်သံတောင်စားမယ်
    အဲလောက်ကြိုက်
    စကားမစပ် အက်ဒစ် က ဆွိုင်းဗိုင်းရပ်စ် ကိုက်သွားတာလား
    အင်းဖြစ်နိုင်တယ်ထင်တယ်နော်
    ReplyDelete
  5. ဟား ဟား ကိုယ်တွေလို ၀က်ချစ်သူတွေချည်းပါလား။
    ReplyDelete
  6. အော် ကိုပေါ ထင်မယ်ဆိုလဲ ထင်လောက်ပါတယ်။ (ဓါတ်ပုံ ကြည့်ပြီးသွားပြီ)။
    ဖိုးစိန်ရေ ကိုယ်က သက်သက်လွတ် ရှောင်တယ်။ :)
    တော်သေး မမချို။ ကင်တီး မှာတော့ ပြန်စားမယ်။ ချက်တော့ မချက်ချင်သေးဘူး။
    တီချမ်းရယ် စားလို့ရလဲ သူတို့ နေမကောင်းဘူး ဆိုတော့ ကိုယ်လဲ ဘယ်စိတ်ချမ်းသာပါ့မလဲ။
    ReplyDelete
  7. တို့ကတော့ ၀က်သားမြင်ရင် ပျို့ပျို့လာတာ..
    သုံးလေးဖတ်လောက်ကောက်စားလိုက်မှ ငြိမ်သွားရော..
    ReplyDelete
  8. လူဆိုး သဟသရယ် ဘာများလဲလို့...ခွိ ခွိ
    ReplyDelete
  9. ကိုလူထွေးလဲ ဝိုင်းပြီး ဆုတောင်းပေးပါတယ်ဗျာ...
    ဝက်ကလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့  ပြည့်ပြည့်ဖြိုးဖြိုးဖြစ်တော့မှ...
    ရှလွတ်...
    (သွားရည်ကျနေသည်)
    ReplyDelete
  10. ပုဇွန်လေးစားပါလား။ ကြက်ဥချဉ်ရည်။ ပဲဟင်းချိုး. ပဲကြာဇန်ကလေးထည့်။ ကန်ဇွန်းရွက်ကြော်။ ပန်းဂေါ်ဖီနဲ့ကြက်ဥရောကြော်။အရွက်ကိုက်လန်အစိမ်းကြော်။ ကြက်ဥကြော်မြန်မာဆိုင်က ချဉ်ပေါင်ကြော်။ ခေါက်ဆွဲကြော..
    စားလိုဲံ့ရတာတွေ အကြံ့ပူသွားသည်။
    ReplyDelete
  11. ဝက်သားကို ၇၀ဒီဂရီချက်ရင် စားလို့ ရတယ်။ ရောဂါဖြစ်တာ က ဝက်သားကြောင့် မဟုတ်ဘဲ နှာချေတာက နေ ကူးတာလေ။ ဝက်သား စားလို့ ရတယ် ဝက်ပုံလေး ကချစ်စရာလေး
    ReplyDelete
  12. ဖတ်ပြီး ရယ်သွားတယ်.ဟဟ .ဟုတ်ပနော်. ၀က်တွေက ကျန်းမာရေး ဂရုမစိုက်ကြတော့ လူတွေ ဒုက္ခရောက်တာပေါ့နော့. :P
    ReplyDelete
  13. Cooked pork is safe.
    During the last 7 days, I ate semi cooked ham in sandwich. now I am feeling much stronger than before. I must be wrong. but those viruses are good for my health. will eat more.
    ReplyDelete