Sunday, February 22, 2009

ပုစွန် အပျင်းကြော်

(usual formula နှင့် အနယ်ခံထားရသော ပုစွန်များ)

(တို့တော့ ဒီလိုပဲ ကြော်ထဲ့လိုက်တာပဲ)

(နည်းနည်း တူးသွားသေးတယ်၊ ဒါပေမယ့် စားကောင်းရုံလေးပါ၊ အနံ့လေးမွှေးရုံ)

(စားပါဦး) (My holiday lunch)

အော် သူများတွေ တစ်နေ့တစ်မျိုး post တွေ တင်တာကြည့်ပြီးတော့လည်း အားကျမိပါရဲ့။

လောလောဆယ် စာရေးစရာတွေ ရှိပေမယ့် ရေးချင်စိတ်ကို မရှိလို့ လုပ်ကြံပြီး post တင်လိုက်ပါတယ်။ ပြီးလွယ်စီးလွယ် လုပ်ထားတာကို တင်ရတာ အတည် ချက်ကြပြုတ်ကြတဲ့ လူတွေကို ကန့်လန့်တိုက်သလို ဖြစ်မှာကလည်း စိုးရသေးတယ်။ blog လောကကလည်း အနေအထိုင်တော်တော် ဆင်ခြင်နိုင်မှ တော်ကာကျ မဟုတ်လား။


မနေ့က တကယ်ကြီး ချက်တော့မယ်ဆိုပြီး ခရမ်းချဉ်သီးတွေပါ ၀ယ်လာပြီးကာမှ ... ဈေးသွားလည်း နောက်ကျ (ကွန်ပျူတာနဲ့ မျက်နှာချင်း ဆိုင်နေလို့) ညက ချက်တာလည်း နောက်ကျ။ ဒါနဲ့ မြန်မြန်ပြီးအောင် ဆား၊ အချိုမှုန့် ၊ ပဲငံပြာရည် (usual formula) ထည့်ပြီး ကြော်လိုက်တယ်။

အစိမ်းကြော် ကြော်ရင် ထည့်ဖို့ ခရုဆီ ၀ယ်ချင်တာတောင် ပုလင်းကကြီးပြီး လူက စိတ်ပါမှ လုပ်တာဆိုတော့ (စိတ်က ၃၆၅ ရက်မှာ ၁ ရက်လောက်ပဲပါတာ) အလကားဖြစ်ကုန်ပါမယ်လေ ဆိုပြီး ပြန်ချ ထားခဲ့တယ်။


Rice Cooker တောင် အနားပေးထားတာ ကြာပြီ။ အိမ်နားက food court နဲ့ ၊ ရုံးနားက food court တွေ လှည့်ပတ်ပြီး ကျေးဇူးပြုနေရလို့။


အဲဒီ ပုစွန်ကြော် ၁၅ မိနစ်လောက်နဲ့ ပြီးသွားလို့ ကိုယ့်ဟာကို တော်တော် သဘောကျသွားသေးတယ်။ စားတာ ၁၀မိနစ် လုပ်တာ ၁၅ မိနစ် တော်ရောပေါ့။
မနေ့က ၀ယ်လာတဲ့ minced pork နဲ့ 3 lines pork ကို နေ့လည်ကပဲ ရေခဲသေတ္တာထဲက ထုတ်ပြီး၊ ခုထိ ချက်ရသေးဘူး။ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ရ ကောင်းမလား စဉ်းစားနေတယ်။

မိန်းမများ ယက်ကန်းမတတ်ရင် အကျိုးနဲ့ တူတယ် ဆိုတဲ့ ခေတ်လိုပဲ ဒီလိုမျိုး မိန်းမတွေ ဟင်းချက်မှ...ဘာညာဘာညာ ခေတ်လဲ အမြန်ဆုံး ကုန်ဆုံးပါစေလို့ ပဲ ဆန္ဒပြုနေမိတယ်။

မနေနိုင်လို့ ပေဖူးလွှာခေတ်မှာ ဖတ်ခဲ့ရတဲ့ ၀င်းငြိမ်း အင်တာဗျူးထဲက ဂျူးရဲ့ အဖြေစကားလေး ကိုးကားလိုက်ချင်ပါသေးတယ်။ "...ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး ၊ အချိန်မပေးနိုင်မှုပဲ..." တဲ့။ ဟားဟားဟား မှန်လိုက်လေ။ ဂျူးကို ထိတာ အဲဒါတွေပဲ။
ဒါပေါ့ တစ်လ သိန်း ၃၀၀ ပဲရှာပေး။ ဘာမှ မလုပ်ဘဲ ဟင်းချည်း ထိုင်ချက်ပြမယ်။
(အဲလိုလဲ စိန်မခေါ်နိုင်ပါဘူးလေ၊ တော်ကြာ တကယ်ရှာနိုင်နေမှ ကိုယ့်ဘ၀ကြီး မီးဖိုချောင်ထဲ စတေးနေရပါဦးမယ်။ တွေးကြည့်ရုံနဲ့ ရင်နာလှပါပြီ။)

ခုထိတော့ မီးပူမတိုက်ရအောင် ပင်မင်းပေးလိုက်ပါလား။ စင်ကာပူမှာ မြန်မာစာတွေ ကြိုက်သလိုစားလို့ရတာ အပြင်မှာ သွားစားပါလားနဲ့ ။

နောက်တော့မှ မမ kom ပြောသလို မရတော့ဘူးဟေ့ ဆိုရင်ရော....

(ဟဲဟဲ ... လွန်တာရှိ ၀န္တာမိ ဦးချပါ၏ ပေါ့ ... :D)

အမြော်အမြင်နှင့် စိတ်သဘောထားကြီးမားကြသော မမ kom ၏ kmsl နှင့် မချိုသင်း၏ kkwn တို့အား ဦးညွှတ်လျက်...

3 comments:

  1. တူးနံ့လေးက... သက်ပိုင်သူအိမ်ကတောင်ရတယ်.... ဘယ်အိမ်က ဟင်းချက်နေလည်းလာကြည့်တော့... သူ့အိမ်ဖြစ်နေတာကိုး.. ခွိ... ခွိ....

    ReplyDelete
  2. ဒါဖြင့် နာရိုးရိုးကြော်နေကျ ပုစွန်ကြော်တွေက အပျင်းကြော်ဖြစ်နေတာပေါ့ :(

    ReplyDelete
  3. ရီတာရေ
    ပုဇွန်အကွေး ငါးအနွေးတဲ့
    ပုဇွန်ကိုဆီမပါပဲရေစစ်ပြီးဒီတိုင်းလေးဒယ်အိုးပေါ်တင်ပြီး ၃မိနစ်လောက်လှိမ့်လိုက်
    ဟိုဘက်ဒီဘက်ပန်းရောင်သန်းပြီးအထဲကသားစိမ်းလေးကျက်ရုံပေါ့
    ပြီးရင်အလွယ်သုပ်ရင် သံပုရာသီးညှစ်ထည့်
    ပါးပါးလှီးပြီး ဆားနဲနဲထည့်ထားတဲ့ရေစိမ်ရာက စစ်ယူတဲ့ ကြက်သွန်နီပါးပါးလှီးတာရယ်
    ငံပြာရည်နည်းနည်း အသားမှုန့်နည်းနည်း ငရုတ်သီးမှုန့်နည်းနည်းနဲ့ သိပ်စားလို့ကောင်းတယ် လုပ်စားကြည့်
    လွယ်လဲလွယ်တယ်

    အလုပ်ရှုပ်တယ်ထင်ရင်တော့မတတ်နိုင်ဘူးပေါ့ကွယ်
    :D

    ReplyDelete