Tuesday, September 30, 2008

ချစ်သူ မသိသော အလွမ်းများ


လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေလွင့်နေတယ်။
လွမ်းတယ်ဆိုတာလှိုင်းတွေလိုပဲ…တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်းပြောခဲ့သလားဟင်…


*

တွေ့နေကျနေရာမှာ အကြာကြီးထိုင်စောင့်နေမိတယ်…

လာမယ်ထင်လို့တော့ မဟုတ်ပါဘူး…

ကိုယ် လွမ်းနေလို့ပါ…


*

ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတတ်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*

ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ်ဘာလုပ်ရမလဲဟင်…

*

အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေရမလား…

မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…

မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…

ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…


တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ
ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ်မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာမှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*
ကိုယ်ရေးတဲ့ စာတွေကို
၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်းနားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…

မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့
ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…

ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…

ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်…
ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…

နေ့လည်စာစားတယ်…

တွေ့နေကျနေရာကို ရောက်တော့ မင်းရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…

မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခု ကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်…

အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…

ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…

သံယောဇဉ် တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

(စုဗူးမှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )

Sunday, September 28, 2008

ချစ်သူ

* Design from NLS's Blog

လေပြည်ညင်းလိုပေါ့

သူ...ဖြည်းဖြည်းချင်းရောက်လာခဲ့တာ...


ကိုယ့်ဆံနွယ်တွေထဲမှာတောင်

သူ့ ၀င်သက်နွေးနွေး

ခုထိရှိသေးတယ်...

*
မဖိတ်ခေါ်ဘဲ လာခဲ့သူ
*

ရင်ထဲမှာ ကြေမွ

အရာအားလုံးကို ခြွေချ

ကိုယ့်နှလုံးသား ကြွေကျသွားကာမှ...
*

ချန်ခဲ့ရက်လေတယ်...
*


Feeling in Singapore!


I m just a so-called busy one! Coz sometimes we get so many projects, sometimes a little!

Anyway, we, Myanmar youths, always get stress away from own country, own family, own society whether busy or not!

Two weeks ago, I felt homesick seriously. So I had to work carefully, contacted my old friends, talked about this & that with them via phone & go to Toa Payoh on Saturdays to say Dammah Satkyar! Here there's no one except Buddha, Dammah & Sanga to rely on. Anyway I think it is the great chance to be mature, stronger & perfect!

We can live in Myanmar freely & happily without stress as the children’s, & without responsibilities to take in our home or work. Now status is totally different! Totally changed! We inevitably have to take responsibilities whatever we do here!

But I m lucky one coz there is one Myanmar senior engineer in my work. He taught me about work & also about people in our company. So I could adapt easily to my very new environment in my former days. Besides I think people in our company are alike Myanmar people.

Once, one of accountant Aunties (there's 2 accountants: 1 is age of over 40 & another 1 is about over 50) came & showed us (My senior & me) her grandson's photos in her hand phone. I felt pleased & though it is alike Myanmar culture! All the rests have warm heart too.

However they all are the strangers for all of us! So I miss my own society all the time! And I didn't notice before I came here that large amount of Myanmar blood is flowing throughout of the whole of my body!

But we have no choice in Myanmar!

One week ago, one of my friends asked me, "Are you happy in S'pore?” I couldn't answer anything except, "If u think I came here as I hoped I would be happy, your thought is totally wrong".

But I have already had the real words to say him next time. Like that:

"When I get my first salary here, I feel very pleased, thinking I am able to send it to my parents & my aunt. That kinda thought make me feel something! Besides I m very proud of myself coz I can stand on my own feet without supporting of my parents. That kinda felling is pretty good!

So I m very 'Satisfied' with myself in S'pore rather than 'Happy'."

Life is so-so.

In my point of view, it needs to practice to be content & to be satisfied with current situation! I can assure myself to try my best wherever I will be.

I wanna be the one who can look after family & the nearest ones. I don't like some of Myanmar people's manners & behaviors in S'pore. Most of them can't help or don’t wanna help each others. I don’t wanna be the one like that.

May I repeat!
I wanna be the one who can look after family & the nearest ones.

***
I wrote it on 21st July 2008. This one is an email I've send to my director of my previous work in Myanmar. Now I post it on my personal blog by editing a little.

Sunday, September 21, 2008

Have you ever...?


အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွာ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။

သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။

ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့

ချက်ချင်းပဲ ပုစဉ်းကလေးဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်းကလေးခမျာ ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။

လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?
--
Your world I have hidden in my heart.
__________________________________________________________________
ဒါလဲ သူငယ်ချင်းရဲ့ email ပါပဲ..

သူ့စာကို ဖတ်ပြီးတော့...
တယောက်ယောက်အတွက် ကျွန်မ ပုစဉ်းလေးတစ်ကောင် ဖြစ်ပေးနိုင်သလားလို့ စဉ်းစားကြည့်နေမိပါတယ်..
___________________________________________________________________
စာကို ဒီနေရာမှာ ဒီလိုလေး အဆုံးသတ်လိုက်ရင် မိုက်ချင်စရာ...ခိုက်ချင်စရာလေး ဖြစ်မယ်မှန်းသိပေမယ့်..
နောက်ဆက်တွဲ အတွေးကို မရေးဘဲ မနေနိုင်ဘူး။

တယောက်အတွက် တယောက်က အဲလောက်ထိ ပေးဆပ်လိုက်ရင် ဘ၀က ကျေနပ်စရာ ကောင်းမှာလားဟင်..

Saturday, September 20, 2008

Peaceful Life



သူငယ်ချင်း တစ်ယောက် Fwd: လုပ်ပြီး ပို့လိုက်တဲ့ ပုံလေးပါ.. အကြောင်းအရာထက် လက်ရာကို ပိုသဘောကျမိတယ်.. ကလေးလေးတွေ ချစ်စရာကောင်းလွန်းလို့.. သူ့ email မှာတော့ ဒီလို ညွှန်းထားပါတယ်..

" In the picture, just look at their condition.. no place to sleep, still they have made some space for cat and dog... water poring from the roof but still each one of them have a peaceful smile on their face..

Simply Amazing!!!

The happiest people in the world are not those who have no problems, but those who learn to live with things that are less than perfect.

Keep Smiling Always." တဲ့..

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူတွေဟာ ပြဿနာ မရှိတဲ့ လူတွေမဟုတ်ပါဘူးဆိုပဲ..

ဘာပဲဖြစ်ဖြစ်..
ပုံကလေးဟာ နှစ်သက်စရာကောင်းတာတော့ အမှန်ပါ..
သိပ်တော့ မဆိုင်လှပေမယ့် အထက်တန်းတုန်းက သင်ခဲ့ရတဲ့ ၀န်ကြီး ပဒေသရာဇာရဲ့ ကဗျာလေးကိုတောင် သွားသတိရလိုက်မိသေးတယ်..
"...ပြီးလျှင် ရေမရှာ ခွေးသာကျွေးတော့သည်" ဆိုတာလေ...

နေတတ်ရင်တော့ ကျေနပ်စရာတွေချည်းဖြစ်မှာပေါ့

Saturday, September 13, 2008

မောင်



ဒိုင်ယာရီတွေ ကြားမှာသာ
မကြာခဏ

ပြန့်ကျဲလို့ ကျခဲ့


အိပ်မက်တွေများမှာသာ
ကြိမ်ဖန်များစွာ

ယောင်ယမ်းလို့ တခဲ့

*

နားဆင်ပါ...ချစ်သူရယ်

မိုးစက်ကလေးတွေ

မင်းဆီကို ပြေးကပ်လာတဲ့အခါ


မင်းဖြတ်သွားတဲ့အခိုက်

လေပြည်ကလေးက ရှိုက်သံပေးတဲ့အခါ

ဟိုးအဝေးက အသံတွဲတစ်စကို သယ်လာရင်း
ပင်လယ်ရေလှိုင်းတို့

မင်းခြေရင်းကို တို့ထိတဲ့ အခါ

မင်းစောစောနိုးတဲ့
မနက်ခင်းတချို့မှာ

ငှက်ကလေးတို့ တေးဆိုသံကို ကြားတဲ့အခါ

*
ရှာကြည့်ပါ... ချစ်သူရယ်

ဇွန်ပန်းရုံ သစ်ရွက်ကလေးရဲ့ နောက်က

ပုန်းကွယ်နေတဲ့ ပန်းပွင့်လေးရဲ့ မွှေးရနံ့ထဲမှာ

ကောင်းကင်မှာ လူးလွန့်တဲ့
စိမ်းပြာရောင် လျှပ်စီးကြောင်းတွေရဲ့

မဆတ်တငံ့ မြည်ကြွေးသံမှာ

အေးစက်စက် မျက်ဝန်းနောက်က
ထွင်းဖောက်ကြည့်မှ မင်းမြင်ရမယ့်

ချစ်ခြင်းဆိုတဲ့

အလင်းတန်းရဲ့နောက်မှာ

*
နားလည်ပါ… ချစ်သူရယ်

တစ်ကြိမ်တစ်ခါမှ

ဖွင့်ဟခွင့် မရခဲ့တော့လည်း

တိုးတိတ်ကျယ်လောင်စွာ
မြိုသိပ်ပေါက်ကွဲ

ရင်ထဲမှာ...

*
(
မင်းကြားအောင် မခေါ်နိုင်ခဲ့တာက လွဲရင်...နေရာအနှံ့မှာ အဲဒီခေါ်သံတွေ ကိုယ် ၀ှက်ထားခဲ့ပါတယ်)

Sunday, September 7, 2008

လတ်တလော စဉ်းစားမိတာတွေ...

ကျွန်မဟာ ကိုယ့်ကိုကိုယ် မေ့လွယ်ပျောက်လွယ် ရှိလွန်းသူ လို့ အရင်က ထင်ခဲ့မိပါတယ်...

၉ တန်းအောင်ပြီးကတည်းက မိသားစုနဲ့ အဝေးမှာ အဒေါ်ဖြစ်သူနဲ့ နေ
လာခဲ့ပြီး နိုင်ငံခြားကို တစ်ယောက်တည်း ထွက်လာခဲ့တဲ့ထိ (တစ်နှစ်တစ်ခါ မှန်မှန် အိမ်ပြန်သော်ငြား) လွမ်းလှချည်ရဲ့ တမ်းတလှချည်ရဲ့ တခါမှ မရှိခဲ့ပါ... ဇာတိရပ်ရွာကို ချစ်ပေမယ့်လည်း အဲဒီမှာ ကျွန်မဘ၀ မရှိဘူး လို့ ခံယူသူဖြစ်ပါတယ်...

ဒါပေမယ့် ခုတော့ ငယ်ငယ်က အကြောင်းတွေကို ခဏခဏ သတိရနေမိတယ်...
ပိုင်နက်တစ်ခုတည်းရဲ့ အောက်မှာ ရှိစဉ်တုန်းက မထူးခြားခဲ့တဲ့
ကျွန်မမွေးဖွား ကြီးပြင်းခဲ့ရာ နေရာက အငွေ့အသက်တွေဟာ မိုင်ပေါင်းများစွာ ဝေးတဲ့ ပင်လယ်ရပ်ခြား ဒေသတစ်ခုကို ရောက်ခါမှ အရှိန်ပြင်းပြင်း လာရောက်ရိုက်ခတ်နေပါတယ်...

ပြီးတော့.....ကလေးဘ၀က ပုံရိပ်တွေ..

ကျွန်မအာရုံထဲကို ပထမဆုံး တိုးဝင်လာတဲ့ အရိပ်တစ်ခု ကတော့...

ဖေဖေရယ် မေမေရယ် ကျွန်မရယ် စက်ဘီးတစ်စီးနဲ့ ညဘက်ကြီး တနေရာကိုသွားကြတယ်..
ငယ်ငယ်တုန်းကတော့ ကျွန်မဟာ မေမေ့ကို သိပ်တွယ်တာတာပဲ...မေမေ စက်ဘီးနောက်မှာ ပါလာတယ်မှန်း သိနေပေမယ့်..ရှေ့ခုံကနေ လက်နောက်ပြန်ပြီး မေမေ့လက်ကို လှမ်းကိုင်ထားတတ်တယ်... စက်ဘီးရှေ့
ခုံမှာ ထိုင်ပြီး လိုက်တဲ့ ၃, ၄ နှစ်အရွယ်တုန်းက ဆိုပေမယ့် အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ မေမေ မတော်တဆ ပြုတ်ကျ ကျန်နေခဲ့မလားလို့ စိုးရိမ်စိတ်ရှိနေခဲ့မိတာကို ခုချိန်ထိ မှတ်မိနေပါတယ်...
(အဲဒီလို စိုးရိမ်တတ်တဲ့ ကလေးမလေးဟာ အသက် ၁၆ နှစ်လောက် အရောက်မှာ အိမ်နဲ့ဝေးရာကို ထွက်ခဲ့ပြီး အသိုက်အ၀န်း အမျိုးမျိုးမှာ ဘာကိုမှ တမ်းတမ်းတတ သတိမရဘဲ ဘယ်လိုများ နေတတ်နိုင်ခဲ့ပါသလဲ)

အညာမှာ မိုးရွာပြီးရင် ရေအိုင်တွေ နေရာအနှံ့ ကျန်နေခဲ့တတ်တယ်...အဲဒီ ရေအိုင်တွေပေါ် ဖေဖေ စက်ဘီးဖြတ်နင်းတဲ့အခါ ထွက်လာတတ်တဲ့ ရေသံကို ကျွန်မက သိပ်သဘောကျတယ်...ဒါကို ဖေဖေကသိတော့ ရေအိုင်ရှိတဲ့ နေရာက တမင်ဖြတ်နင်းပေးတတ်တယ်...

မေမေ့လက်ကို ဆွဲကိုင်ထားရင်း ဖေဖေပြောတဲ့ စကားတွေနားထောင်ရင်း စက်ဘီးရှေ့ခုံလေးမှာ ထိုင်လိုက်ခဲ့တဲ့ အဲဒီ ပုံရိပ်ကလေးဟာ ခုတလော ကျွန်မအာရုံထဲကို မကြာခဏ ၀င်ဝင်လာတဲ့ အရိပ်တစ်ခုပဲ ဖြစ်ပါတယ်...

ဘ၀ဟာ ရထား တစ်စင်းလိုပဲတဲ့ .. ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရနိုင်တော့ဘူးနော်...

It's me !



DoB:
6th April 1980

Zodiac:
Aries

Occupation:
Project Engineer

Location: Singapore